လူသားနှင့်တိုက်ပွဲ
လူသားတိုင်း၏
ဖွဲ့စည်းတည်ဆောက်ပုံအရ အဓိကကျသောအစိတ်အပိုင်း(၃)ခုရှိရာတွင် (၁)အစာအိမ် ပိုင်း (၂) နှလုံးသားပိုင်း
(၃) ဦးနှောက်ပိုင်းတို့၏စေ့ဆော်မှုအရ တိုက်ပွဲများဖြစ်ပေါ်လာရပေသည်။
လူသား နှင့်
တိုက်ပွဲကို ခွဲခြား၍မရနိုင်သောသဘောရှိပေသည်။
ခေတ်အလိုက် လူသားတို့၏ တိုးတက်မှုနှင့်အညီ တိုက်ပွဲ၏
ပုံသဏ္ဍန်ပြောင်းလဲခြင်းသာရှိနေမည်။အစာအိမ်၏
နပူနဆာလုပ်မှုတို့ကြောင့် ဦးနှောက်သည် ကြံရဖန်ရပြီး လျှင်
တိုက်ပွဲသဏ္ဍန်ကို မဟာဗျူဟာချမှတ်ပေးရသလို
နှလုံးသား၏ လှုံ့ ဆော်မှုကြောင့် ဦးနှောက်ပိုင်းက တိုက်ပွဲဝင် လက်နက်ကရိယာတွေကို တာဝန်ယူစီမံဖန်တီးပေးရလေသည်။
ကာလတခုသို့ရောက်လာသောအခါ ထို အစာ
အိမ်နှင့် နှလုံးသားတို့၏
ဆန္ဒတွေကိုမလိုက်လျှောဘဲ ကျိုးကြောင်းဆက်နွယိမှုကို ဆင်ခြင်သည့် ဦးနှောက်ပိုင်း
ဆိုင်ရာအတွေး အခေါ်(သို့မဟုတ်) တရားမျှတမှုနှင့်လွတ်လတ်ခွင့်
ဆိုင်ရာ လူသားဝါဒတွေကို ဖေါ်ထုတ်လာ
ခဲ့ကြပါတယ်။သို့သော် အင်အားကြီးဝါဒနှင့်လူသားဝါဒတို့သည်ယနေ့အထိစည်းချက်ဝါးချက်ကိုက်ညီမှု
မရှိ
သေးသည်ကို တွေ့နေ၇ပါတယ်။