ဂျင်းရှပ်၏ အကြမ်းမဖက်တော်လှန်ရေးဘာသာရပ်အား
( တရပ်တရွာမှာတယောက်) ကျွမ်းကျင်စွာတတ်
မြောက်သောနေ့သည်
အာဏာရှင်တို့၏နောက်ဆုံးနေ့ဖြစ်သည်။စစ်မှန်သောဒီမိုကရေစီနှင့်လု့အခွင့်အရေးတို့အား
အာမခံသည့်
ဖက်ဒရယ်ပြည်ထောင်စုကြီးကို ငြိမ်းချမ်းသာယာစွာ တည်ထောင်နိုင်သောနေ့ဖြစ်မည်ဟု ကျနော်
လေးလေးနက်နက်
ယုံကြည်လျှက်ရှိပါ၏။အဘယ့်ကြောင့်ဆိုသော်----------------
ဤဘာသာရပ်တခုလုံးအားအဓိပ္ပါယ်ဖွင့်လိုက်မည်ဆိုပါက“လှုပ်ရှားခြင်း”ဟူ၍
အဖြေရပေသည်။သို့သော် ဗရမ်းဗတာ လှုပ်ရှားမှုမျိုးတော့မဟုတ်။
နမော်နမဲ့ လှုပ်ရှားခြင်းများက်ုလည်းတားမြစ်ထားသည်။ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေနှင့်တုံ့ပြန်ခြင်းကိုလည်းအထူးရှောင်ကြဉ်စေရန်အတွက်
ကမ္ဘာ့သမိုင်းအတွေ့အကြုံများဖြင့်ရှင်းလင်းဖေါ်ပြထားသည်။၇န်သူအလာကိုထိုင်စောင့်၍
အဖမ်းခံရတာမျိုးသည် အကြမ်းမဖက်တော်လှန်ရေး မဟုတ်ကြောင်းကိုလည်းဖွင့်ဆိုထား၏။