Showing posts with label ဆောင်းပါးက. Show all posts
Showing posts with label ဆောင်းပါးက. Show all posts

Saturday, August 22, 2009

အရှင်ဂမ္ဘီရသို့ အမှတ်တရ mizzima

  • သာကြာနေ့၊ သြဂုတ်လ 21 ရက် 2009 ခုနှစ် 17 နာရီ 49 မိနစ်
  • "ကျုပ်ဘက်ကတော့ အားလုံးကို အနစ်နာခံ စွန့်လွှတ်ခဲ့ပြီးပါပြီ။ အပြင်မှာရှိနေကြတဲ့ ဒကာတော်ကြီးတွေအနေနဲ့ ကိုယ့်တာဝန်ကို ကိုယ်ကျေပွန်ဘို့ လိုတယ်"
  • အမတော်နှင့် တဆင့်ပါးလိုက်သည့် အကျဉ်းထောင်ထဲမှ ဆရာတော်အရှင်ဂမ္ဘီရ၏ အမှာစကား ဖြစ်သည်။ တချို့လူတွေ ကြား၏။ တချို့လူတွေ မကြား။ တချို့လူတွေ မကြားချင်။ တချို့ မကြားသယောင် ဟန်ဆောင်နေကြလေ၏။ ရိုးသားစွာ ဝန်ခံရလျှင် ထိုကဲ့သို့ ဟန်ဆောင်နေကြသူများထဲတွင် ကျနော် ထိပ်ဆုံးက ဖြစ်မည်ထင်သည်။