အောက်တိုဘာလကုန်တော့မည်၊ဆရာတော် အရှင်ဂမ္ဘီရအတွက်အသုံးစရိတ်ငွေကလည်းပြတ်တော့
မည်ဖြစ်သည်။ဒကါလင်း၏အခြေအနေကတော့
အတော်လေးယိုင်နဲ့နေပေပြီ။အန္တရယ်စက်ကွင်းထဲသို့ထိုးဖေါက်
ဝင်ရောက်နေရသည့်ကာလသည်ကား
နှစ်လပြည့်တော့မည်။အလယ်ပိုင်းမြန်မာနိုင်ငံမှထိုင်းနိုင်ငံမဲဆောက်မြို့အ
ထိ အစုန်အဆန်နှစ်ခေါက်
အောင်မြင်စွာဖြတ်ကျော်ခဲ့ပြီးဖြစ်သည်။
စက်တင်ဘာ၂၅
။၂၀၀၇။
အရှင်ဂမ္ဘီရ၏ဆန္ဒအရ
မန္တလေးမှ ရန်ကုန်၊ဘားအံ၊မြ၀တီ၊မဲဆောက်ခရီးထွက်ခဲ့ရသော်လည်းစိတ်မပါ။
နှစ်ပေါင်းအတော်ကြာစောင့်မျှော်နေခဲ့ရသည့်
အခွင့်အခါကောင်းကြီးအား မျက်ကွယ်ပြုကာထွက်ခွါမသွားချင်ခဲ့။
အတူတူပါဝင်ဆင်နွှဲနေရလို့မှအားမ၇နိုင်သေး။တာဝန်အရမို့သာထွက်လာခဲ့၇သည်။ခရီးလမ်းတလျှောက်နောက်ဆံတတင်းတင်းဖြစ်နေသကဲ့သို့ပင်
ရှေ့ဆံပင်တွေကိုလည်း ဆွဲယူခံနေရသည့်အလားခံစားနေခဲ့၇သည်။
ရန်ကုန်ရောက်တော့ ၂၆ ရက်ည( ဂ)နာရီကျော်ပါပြီ။ကားပေါ်ကဆင်းလိုက်သည်နှင့်
ကြားရသည့်
သတင်းတွေကခြေလှမ်းတွေကိုတုံ့ဆိုင်သွားစေခဲ့၏။ပတ်ဝန်းကျင်ကခြောက်ကပ်ကပ်။ကာဖျူးအမိန့်ထုတ်ထားပြီမို့
လိုင်းကားတွေလဲမရှိတော့။တက်ကစီတွေကလဲကြက်ပျောက်ငှက်ပျောက်။တဲခိုခန်းကလည်း မှတ်ပုံတင်
အပ်၇မှာဆိုတော့
မစဉ်းစားရဲ။မထူးတော့ အနီးရှိဆိုက္ကားတစီးပေါ်တက်လိုက်သည်။ရောက်သလောက်နင်းခိုင်း
ပြီးကျသလောက်ရှင်းလိုက်ရ၏။။ကံကောင်းချင်တော့