Monday, September 26, 2011

သိန်းသုံးဆယ်နှင့် အရှင်ဂမ္ဘီရ

         
  အောက်တိုဘာလကုန်တော့မည်၊ဆရာတော် အရှင်ဂမ္ဘီရအတွက်အသုံးစရိတ်ငွေကလည်းပြတ်တော့
မည်ဖြစ်သည်။ဒကါလင်း၏အခြေအနေကတော့ အတော်လေးယိုင်နဲ့နေပေပြီ။အန္တရယ်စက်ကွင်းထဲသို့ထိုးဖေါက်
ဝင်ရောက်နေရသည့်ကာလသည်ကား နှစ်လပြည့်တော့မည်။အလယ်ပိုင်းမြန်မာနိုင်ငံမှထိုင်းနိုင်ငံမဲဆောက်မြို့အ
ထိ အစုန်အဆန်နှစ်ခေါက် အောင်မြင်စွာဖြတ်ကျော်ခဲ့ပြီးဖြစ်သည်။   

 
စက်တင်ဘာ၂၅ ။၂၀၀၇။
အရှင်ဂမ္ဘီရ၏ဆန္ဒအရ မန္တလေးမှ ရန်ကုန်၊ဘားအံ၊မြ၀တီ၊မဲဆောက်ခရီးထွက်ခဲ့ရသော်လည်းစိတ်မပါ။
နှစ်ပေါင်းအတော်ကြာစောင့်မျှော်နေခဲ့ရသည့် အခွင့်အခါကောင်းကြီးအား မျက်ကွယ်ပြုကာထွက်ခွါမသွားချင်ခဲ့။
အတူတူပါဝင်ဆင်နွှဲနေရလို့မှအားမ၇နိုင်သေး။တာဝန်အရမို့သာထွက်လာခဲ့၇သည်။ခရီးလမ်းတလျှောက်နောက်ဆံတတင်းတင်းဖြစ်နေသကဲ့သို့ပင် ရှေ့ဆံပင်တွေကိုလည်း ဆွဲယူခံနေရသည့်အလားခံစားနေခဲ့၇သည်။
               ရန်ကုန်ရောက်တော့ ၂၆ ရက်ည( ဂ)နာရီကျော်ပါပြီ။ကားပေါ်ကဆင်းလိုက်သည်နှင့် ကြားရသည့်
သတင်းတွေကခြေလှမ်းတွေကိုတုံ့ဆိုင်သွားစေခဲ့၏။ပတ်ဝန်းကျင်ကခြောက်ကပ်ကပ်။ကာဖျူးအမိန့်ထုတ်ထားပြီမို့ လိုင်းကားတွေလဲမရှိတော့။တက်ကစီတွေကလဲကြက်ပျောက်ငှက်ပျောက်။တဲခိုခန်းကလည်း မှတ်ပုံတင်
အပ်၇မှာဆိုတော့ မစဉ်းစားရဲ။မထူးတော့ အနီးရှိဆိုက္ကားတစီးပေါ်တက်လိုက်သည်။ရောက်သလောက်နင်းခိုင်း
ပြီးကျသလောက်ရှင်းလိုက်ရ၏။။ကံကောင်းချင်တော့
ဘတ်စကားကြီးတစီးနှင့်ကြုံသည်။သွားရမည့်မြို့နယ်နှင့်
ကားဝေးနေဆဲပင်။မှတ်တိုင်တခုမှာဆင်းလိုက်သည်။ည ၉ နာရီကျော်ရင်တော့ မြောင်းထဲဆင်းအိပ်ရတော့မည်။
နတ်မြတ်နတ်ကောင်းတို့ကကျနော်ဒုက္ခကိုမြင်ပြီထင်ပါ၏်။တက္ကစီတစီးကရှေ့မှာထိုး၇ပ်လိုက်သည်။မေးကြည့်တော့ လမ်းနဲနဲတော့လွဲသည်။မတတ်နိုင်တော့။တက်စီးလိုက်သည်။နောက်မှလမ်းဆက်ရှောက်မည်ပေါ့။ ခရီးတ
လျှောက်ကဘ၀အမောတွေကတော့ ပြောပြလို့ကုန်မည်မထင်။ နောင်ကြုံလျှင်တော့ ပြောပြချင်ပါသေး၏။
အောက်တိုဘာလလယ်ရောက်ပြန်တော့ နောက်တခေါက်။မန္တလေး၊ရန်ကုန်၊ဘားအံ၊မြ၀တီ၊မဲဆောက်။
တာဝန်တွေများသည့်ကြားကအနာဂတ်မျိုးဆက်ပန်းတပွင့်ကိုသယ်ဆောင်လာခဲ့ရသော်လည်း ကျနော်မပင်ပန်း။
ပျော်ရွှင်စရာစွန့်စားခန်းတွေဖြစ်တာမို့ကျေနပ်အားရလျှက်။တက်ကြွလန်းဆန်းလျှက်ပင်။မဲဆောက်၊မြ၀တီ၊ဘားအံ၊ရန်ကုန်၊မန္တလေး။ခရီးကသိပ်မဝေးလှသလိုဘဲပေါ့။အဆက်မပြတ်ရွာသွန်းနေသောမိုးေ၇တွေနှင့်အတူ မန္တလာ မြေကိုပြန်ေ၇ာက်ခဲ့သည်။ဆရာတော်အတွက်လက်ဆောင်မွန်တခုကိုလည်းအောင်မြင်စွာသယ်ယူနိုင်ခဲ့ပါ၏။
          ရှောင်ရင်းတိမ်းရင်းလိုက်တမ်းပြေးတမ်းကစားနေသည့်အရှင်ဂမ္ဘီရ။မန္တလေးမြို့အထွက် ထုံးဘိုကျောက်
တောင်တန်းတလျှောက် မြေလျှိုးမိုးပျံ၊ ဈာန်အဘိညာဉ် ခနေသည့်အရှင်ဂမ္ဘီရ။ဒကါလင်းနှင့်ဆုံရသည့်အဲဒီညက
သိပ်ပျော်ရွှင်ခဲ့ကြတဲ့အခါသမယဖြစ်ခဲ့ပေသည်။သီတင်းကျွတ်လပြည့်ညဆိုတော့ အလှတွေကစုံလှပါဘိ။မြူ
တိမ်ကင်းသည့်ရွှေလမင်းကြီးနဲ့အတူလင်းလက်နေသည့်ကြယ်စင်တို့၏အပြုံးတွေကလည်း ဆရာနဲ့ဒကါ အား
နှစ်သိမ့်အားပေးကူညီနေကြသလို မဲနက်နေသောတောင်တန်းကြီးကလည်းနွေးထွေးစွာရင်မှာပွေ့ထားလျှက်
မချစ်မနှစ်သက်သူတို့၏ဘေးမှ ကာကွယ်ပေးထားခဲ့ပေသည်။ကျေးဇူးပါ။
          မနက်လင်းပြီ။ဆရာတော်အရှင်ဂမ္ဘီရ၏တာဝန်ပေးချက်အရမြို့တော်ရန်ကုန်သို့တတိယမြောက်တခေါက်
ဆင်းရပြန်သည်။မလွယ်သော်လည်းမလျှော့။အားပျော့နေသော်လည်းမငယ်။နွမ်းနယ်နေသော်လည်းမပန်းပါ။
ကြမ်းတမ်းသော်လည်းမကြောက်။ဖမ်းနိုင်ရင်လဲမိအောင်ဖမ်းပေါ့။ပန်းတိုင်အထိတော့ဆက်လျှာက်ရပေမည်။
သမိုင်းကြောင်တဲ့တရားခံဆိုတာငါ့အတွက်မဟုတ်။ငါ၏ဦးခေါင်းထဲ၌ ရဲရင့်စွန့်စားသူတို့၏သမိုင်း။စွန့်လွှတ်အနစ်
နာခံသူတို့၏ရာဇ၀င်။ဂန္ဓ၀င်မြောက်သူတို့၏နိယာမတွေက တရံမလပ် လှုံ့ဆော်အားပေးလျှက်ရှိနေကြသလို
ငါသင်ယူတားတဲ့ မဟာဗျူဟာတွေ၊နည်းနာတွေ၊လှုပ်ရှားမှုအက်ရှင်တွေက
လည်း ငါ့အတွက် အံ့ဖွယ်ရဲဘော်ရဲဘက်တွေဘဲမဟုတ်ပါလား ။မိမိကိုယ်မိမိ ယုံကြည်မှုတွေတည်ဆောက်လျှက်
ခရီးဆက်ခဲ့သည်။
          ပြီးခဲ့တဲ့၇က်တွေတုန်းကလိုတဲ့ငွေအတွက်ရိုးမဘဏ်ကထုတ်ယူလို့လွယ်သည်။သို့သော်အရိပ်မဲတွေက
နောက်ကကပ်ပါလာသည်ကိုသတိပြုမိပြီမို့ ဘဏ်လုပ်ငန်းတွေကိုရပ်ဆိုင်းလိုက်ရသည်။ဒီတခေါက်တော့ ကိုယ်
တိုင်ကိုယ်ကျ ရန်ကုန်ကို ဆင်းရခြင်းဖြစ်၏။အချိတ်အဆက်တွေကလွဲချော်မှုရှိနေတဲ့အတွက် မနက်ခင်းတခုလုံး
ရန်ကုန်မှာခြာခြာလည်နေခဲ့ရသည်။ထပ်ခါတလဲလဲကြိုး စားလိုက်သည်နှင့်အဆင်ပြေသွားသည်။သို့သော် ဖုန်း
ဆက်ခက ငါးထောင်ကျပ်(၅၀၀၀)ကျော်သွားလေပြီ။ကားကြီးဝင်းပြန်ရောက်မှနေ့လည်စာကိုညစာနှင့်ပေါင်း၍
အုပ်လိုက်ရတော့၏။
သိန်းသုံးဆယ်အိတ်ကြီးကိုခြေတင်၍မြတ်ဗုဒ္ဓ၏ပဌာန်းဒေသနာအစဉ်အားပွားများလျှက် မြတ်သောယုံ
ကြည်ချက်ကိုဦးထိပ်ပန်ဆင်ကာ မြတ်မန္တလာအိပ်စပက်ကားကြီးဖြ င့်အပြန်ခရီးဆက်ခဲ့ရပြန်ပါသည်။ အိပ်ချင်
သော်လည်းမပျော်။အနာဂတ်ကိုမျှော်တွေးလိုက်။ ရင်ဆိုင်ကြုံရမည့်အခက်အခဲမှန်သမျှကိုဖြတ်ကျော်နိုင်ရန်
အတွက် လေ့ကျင့်ခန်းတွေကို ကြိုတင်ကျက်မှတ်လိုက်နှင့်ပင် မိုးစင်စင်လင်းခဲ့ပြန်သည်။
          နိုဝင်ဘာ (၃)၇က် နံက် (၅)နာရီ ။လှုပ်ရှားမှုအက်ရှင်တွေကိုစတင်လိုက်သည်။ဤအချိန်မျိုးသည် ရန်သူ
တို့၏အလစ်အငိုက်အချိန်ဖြစ်တာမို့ ကျနော့သဘောကျဖြစ်သည်။မန္တလေးမြို့၏( ၈၄)လမ်းမဘေးက လက်ဖက်
ရည်ဆိုင်တွင်နံနက်စာစားရင်းအမှတ်(၁၁)လိုင်းကားကိုစောင့်နေခဲ့သည်။ဆရာတော်ထံကြိုတင်ဖုန်းဆက်ရန်ချိန်ဆကြည့်သည်မလွယ်။ဆရာတော်၏ဖုန်းနံပါတ်သည် ထောက်လှန်းရေးတို့၏ကွန်ယက်တွင် ချိတ်ဆက်ခံထားရ
သည်မှာကြာပေပြီ။ထို့အပြင်အရှင်ဂမ္ဘီရရှိရာရပ်ဝန်းကိုလည်း သူတို့သိနေပြီးဖြစ်သည်။နည်းနာအရတိတ်တဆိတ်
ဝင်ရောက်တွေ့ဆုံရန်ဆုံးဖြတ်လိုက်တော့သည်။
သိပ်မကြာ။မျှော်လင့်ထားသည့်အတိုင်းပင်။ကားအမိုးပေါ်တွင်ဟင်းသီးဟင်းရွက်မျိုးစုံတောင်းတွေကအ  ပြည့်။တနေ့တာဘ၀အတွက်ရုန်းကန်းခြင်းအစဖြင့်လိုက်ပါလာကြသည့်ဈေးသည်ကားကြီးဖြစ်သည်။။အုပ်ချုပ်သူတို့၏မျက်နှာလွှဲခဲပစ်အမူအကျင့်တွေကိုသူတို့မှာစဉ်းစားနိုင်ဟန်မတူ။ကားနောက်မီးဆွဲခုံပေါ်တွင်လည်းယောက်
ကျားမိန်းမတွေအပြည့်။သိထားလို့တော်ပေသေးသည်။လက်ဆွဲခြင်းလေးက်ုကောက်ယူကာ အပြေးအလွှား
တိုက်လိုက်ရသည်။ချေထောက်နှစ်ဘက်ကြားတွင် ဆွဲခြင်းကိုချတားလိုက်ပြီး မတ်တပ်ရပ်လျှက်လိုက်ပါခဲ့ရ၏။
          အရှေ့ရိုးမတောင်းတန်းကြီးနှင့် နေလုံးနီနီတို့၏ သဘာဝအလှသည် လူတိုင်းအတွက်အားဆေးတခွက်
ဖြစ်ပေလိမ့်မည်။သို့သော်ဤရသကိုကျနော်မခံစားနိုင်ခဲ့။ခြေနှစ်ဖက်ကြားက သိန်းသုံးဆယ်ထည့်ထားသည့် ပလ
လပ်စတစ်ဆွဲခြင်းကလေးကိုသာ အာရုံစိက်နေရသည်။
         ထုံးဘိုမရောက်ခင်မှတ်တိုင်မှာဆင်းလိုက်၏။ရွာအ၀င်လမ်းကိုသတိချပ်လိုက်တော့ ရုပ်ေ၇သန့်သန့်လူတ
ယောက်မတ်တတ်ရပ်နေသည်။ရုတ်တရက်ပင် ဆွဲခြင်းပေါ်ကအုပ်ထားသည့် ဒေါနရောင်ဂျာကင်အင်္ကျီကိုဆွဲယူ
လိုက်ပြီး ခေါင်းပေါ်မှာခြုံလိုက်ရ၏။ထို့နောက်ဆွဲခြင်းကိုပခုံးပေါ်တင်ကာ ထိုလူရှေ့မှပင် ရွာထဲသို့ဝင်လိုက်သည်။
ကျနော့မျက်နှာကို သေသေချာချာ မမြင်နိုင်ရန်ဖြစ်၏။ပုဆိုးကိုလည်းခပ်တိုတိုဝတ်ထားပြီးဖြစ်သည်။
          အလိုက်သင့်ပင်။ကိုစိုးနှင့်ထိပ်တိုက်တွေ့ဆုံရသည်။သို့သော်ဆရာတော်အရှင်ဂမ္ဘီရကိုမတွေ့ရ။ဒီနေရာမှ
ထွက်ခွါသွားပြီဖြစ်သည်။ယခုဆရာတော်ရောက်ရှိသောနေရာသည်အတော်လေးအလှမ်းကွာဝေးသည့်အတွက် ကျနော်ကိုမလိုက်ခဲ့ပါရန် ရှင်းပြသည်။ကျနော်ကမျက်စိမှိတ်လျှက်တချက်စဉ်းစားကြည့်လိုက်၏။မှန်ပေမည်။
ပြီးခဲ့သည့်အပတ်က ဆရာတော်မှ မိန့်ထားပြီးဖြစ်သည်။ဒီနေရာတွင်လုံခြုံရေးစိတ်ချလို့မဖြစ်တော့ကြောင်းနှင့်
အခြားတနရာသို့ ပြောင်းရွှေ့ရန်စဉ်းစားထားကြောင်းကိုပြန်လည်သတိရမိလိုက်၏။
          ချက်ခြင်းပင်ဆုံးဖြတ်လိုက်ပြီး လက်ဆွဲခြင်းထဲမှ ကြိုးဆွဲအိပ်ကို နှိုက်ယူလိုက်ကာ ၅၀၀ိ တန်ငွေစက္ကူ
အထုပ် (၃၀)ကို တိတိကျကျ ရေတွက်ပေးအပ်လိုက်သည်။ထို့နောက် ဘဏ်ကိစ္စနှင့်ပက်သက်ပြီး ခြေရာခံမိသွား
ပြီဖြစ်ကြောင်းလည်း ကိုစိုးကသတိပေးလိုက်သဖြင့်အချိန်တွေဆွဲနေလို့မဖြစ်တော့ပေ။နှုတ်ဆက်ကာ ပြန်လှည့်
ထွက်ခဲ့ရတော့သည်။ကျေးဇူးပါ ကိုစိုး ရေ။
          တာဝန်တခုအောင်မြင်သွားပြီမို့အနားယူရန်ဟန်ပြင်လိုက်သည်နှင့်ရုတ်တရက်ခေါင်းထဲမှာနောက်ကျိကျိ
ဖြစ်လာပြီး လျှာပေါ်က ထူပြစ်ပြစ်ဖြစ်လာသည်။သေချာပါသည်။ကျနော်ထံ အဖျားဝေဒနာတွေက နေရာယူလာ
ကြပြီထင်၏။တင်းထားသည့်အားမာန်တွေကိုလျှော့လိုက်သည့်အတွက် ဖြစ်ဟန်တူပေသည်။ဆေးဝါးတချို့နှင့် မြူစွမ်ခပ်ပြင်းပြင်းတပွဲမှာယူကာ စိတ်အေးကိုယ်အေး သောက်နေလိုက်သည်။
          တ၀က်မျှပင် မကုန်သေး။မိတ်ဆွေကောင်းတယောက်က ခပ်သုပ်သုပ်ဝင်လာပြီး အရေးတကြီးပြောပြ
သည့်အတွက် အာရုံစိုက်လိုက်ရသည်။ကျနော်ရန်ကုန်မဆင်းမှီက မုံရွာမြို့တွင် အဖမ်းခံထိသော ဆရာတော်
အရှင်ပညာသီရိ ၏သတင်းကိုထောက်လှမ်းရန် စေလွှတ်ထားသူဖြစ်၏။သတင်းကအတိအကျပင်ဖြစ်သည်။
မုံရွာထောင်တွင်းစစ်ကြောရေးဒဏ်ကိုခံနိုင်ရည်စွမ်းမရှိတော့သဖြင့် အားလုံးကိုဖွင့်ပြောလိုက်ရကြောင်းနှင့်
ဒကါလင်းကိုလည်း ထောက်လှမ်းရေးတွေက သိပ်ချစ်ကြောင်း။သိပ်တွေ့ချင်ကြောင်း။ဒါကြောင့်ယခုနေရာမှ
ချက်ခြင်းရှောင်ထွက်သွားရန်ဖြစ်ကြောင်း စိုးရိမ်တကြီးပြောပြနေသည်။နောက်ကျသည့်ဖနောင့်သစ္စာဖေါက်
ဟု ဆိုသည်နှင့်အညီ ကျနော်ပြေး၇ပြန်ပါပြီ။မိုးတွေကလည်းရွာနေဆဲပင်။
ကြုံတွေ့၇သမျှ ဒုက္ခသမုဒ္ဒရာကြီးကိုတော့ ကျနော်ဆက်မရေးချင်တော့ပါ။လရောင်ကင်းသည့်ညအ
မှောင်ထုက ကျနော်ကွန်းခိုရာတောရိပ်တောင်ရိပ်ကြီးတခုလုံးအားပိုမို၍ုမည်းနက်စေခဲ့သည်ဟုထင်သည်။ ကိုယ့်ကိုယ်ကိုသေသေချာချာ စဉ်းစားကြည့်လိုက်တော့ အော်-- တောပုန်းကြီးဘ၀ရောက်ခဲ့ရပြန်ပါပြီကော။


          နိုဝင်ဘာ (၄)ရက် ၂၀၀၇။
မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုကြီး၏ဦးဆောင်ဆရာတော်အရှင်ဂမ္ဘီရ အဖမ်းခံလိုက်ရပြီဆိုသည့် လေလှိုင်းသံတွေက ကျနော့နှစ်လုံးသားကို ချေမွနေသော်လည်းဆက်ခါဆက်ခါကျနော်နားထာင်နေမိသည်။
သိုသော်ကိုယ့်အပူရုပ်ကိုတော့ ဟန်လုပ်နေခဲ့ရသည်။ဘယ်သူမှမသိ။
          ဖြစ်စဉ်တွေကိုသုံးသပ်ကြည့်လိုက်တော့ ကျနော်တို့၏ တကွက်အမှား ပင်ဖြစ်သည်။အဖြစ်သနစ်အစုံကို
တော့နောင်ကြုံမှဖေါ်ပြပေးပါဦးမည်။ဤအမှားတကွက်သည်ကျနော်တို့၏ရှေ့ လုပ်ငန်းစဉ်နှင့်မျှော်လင့်ချက်တွေ
ကို တစစီပျက်စီးစေခဲ့ပါပြီ။ရွှေဝါရောင်၏အလင်းရောင်ကိုအမှောင်ထုက ဖုံးလွှမ်းလိုက်ပေပြီ။အ၀ိဇ္ဇာတွေက ၀ိဇ္ဇာ
တွေကိုထောင်သွင်းအကျဉ်းချလိုက်ပါပြီ။အဓမ္မ၀ါဒီတွေက ဓမ္မ၀ါဒီတွေကို မီးလောင်တိုက်မှာသွင်းလိုက်ကြပါပြီ။
မြန်မာတို့၏အလှကျက်သရေသည်လည်းကမ္ဘာ့အလယ်တွင်မျက်နှာငယ်ခဲ့ရလေပြီ။သို့သော် ရွှေဝါရောင်တော်
လှန်ရေးကြီးမှမွေးဖွါးပေးလိုက်သည့်မျိုးဆက်သစ်တို့ကား အရင်ကထက် အဆတထောင်မက ရှင်သန်နိုးထလာ
ကြပြီမို့အားရမိသည်။ရွှေဝါရောင်၏ ရလာဒ်အမှတ်အသားပင်ဖြစ်ပေသည်။
          အရှင်ဂမ္ဘီရ၏သတ္တိသွေးနှင့်ဇာတိမာန် က ကြိုးစင်တက်ဖို့ဝန်မလေး။အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်
သည်။ သို့သော်ဒကါကြီးကိုတော့လွတ်မြောက်စေလိုသောဆန္ဒဖြင့် ခဏခဏပြောပြသည်။ ဒကါကြီး--ကျုပ်က
 တော့ ကြိုးစင်တက်ဖို့ အဆင်သင့်ပြင်ဆင်ထားပြီးပါပြီ။ထိုင်းနိုင်ငံဘက်ကို ကျုပ်မလိုက်တော့ဘူး။ဒကါကြီးသာ
အဖမ်းခံရရင်တော့ဒီကောင်တွေက အရေဆုပ်ပြစ်မှာသေချာတယ်။ဒါကြောင့် ဒီတခေါက် ထိုင်းနိုင်ငံရောက်ရင်
ပြည်တွင်းကိုပြန်ဝင်လာဖို့ မကျိုးစားသင့်ကြောင်း တည်ငြိမ်စွာဖြင့်တိုက်တွန်းခဲ့သည်။
ရဲရင့်တည်ကြည်၍မွန်မြတ်သောခေါင်းဆောင်တဦး၏အသွင်သဏ္ဍန်ကားရှင်းပါ၏။ပြတ်သားစွာမြင်ရပါ၏။ယနေ့တိုင်ပင်လျှင်ဆွေးမြေ့နေရပါ၏။ကျနော်ရှင်သန်နေသမျှ တမ်းတနေရပေဦးမည်ဖြစ်ပါ၏။နေ့စဉ်ညတိုင်း
မှာလည်းအရှင်ဂမ္ဘီရနှင့်နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်စေကြောင်းဆုတောင်းလျှက်ရှိပါ၏။
                                                                             ဦးလင်း
                                                                   ၄။၀၉။၂၀၁၁။ည ၁း၂၀ နာရီ

         
         
         




  
         

                                 

No comments: