Monday, September 14, 2009

အမနုဿ ဘေ;


အို သူတော်စင်
အရှင်သူမြတ်အပေါင်းတို့၏ မေတ္တာရေစဉ်သည်
အရှင်တို့၏ ဦးခေါင်းတော်မှသွေးတို့ဖြင့် နီစွေးစေခဲ့ပါပြီ။
အို သူတော်စင်
အရှင်သူမြတ်တို့၏ မေတ္တာရေစဉ်သည်
အမနုဿတို့၏ စစ်ဖိနပ်အောက်မှာ ပျောက်ပျက်သွားခဲ့ရပါပြီ။
အို သူတော်စင်
မြတ်သခင်ဗုဒ္ဓ၏နှလုံးသားတို့ သည်
ကြိုးနဲ့တုတ် ဒုတ်နဲ့ရိုက် ထောင်ထဲသွင်း ညှင်းဆဲ သတ်ဖြတ်
အလောင်းတွေကိုချောင်းထဲမျှော





ကျောင်းတွေပေါ်တက် လုယက်ဖျက်ဆီး


အမနုဿတို့၏လောင်မီးတိုက်မှာ
အစုလိုက်အပြုံလိုက် လောင်မြိုက်နေကြရပါပြီ။
အို သူတော်စင်အပေါင်းတို့
အနှိုင်းမဲ့ကျေးဇူးရှင်၏ စကား ဖယ်ရှားဝံ့သူ
သံဃာ့အကျိုးစီးပွါး ဖျက်ဆီးထားသူ
သံဃာအချင်းချင်းကြား သွေးခွဲထားသူ
သံဃာ့အကျိုးမဲ့စကား စွပ်စွဲထားသူ
သံဃာတို့အားရန်ညိုးပွါးသူ
ကမ္ဘာတလွှား နာမည်ဆိုးများဖြင့်ကျော်ကြားနေသူ
မိစ ၦာဘီလူး အာဏာရူးသူ
မှူးကြီးဗာလ နအဖ နဲ့
မိစ္ဆာလူမိုက် ဒိဋ္ဌိတသိုက် ကို
သာသနာတွင်းမှ ကြဉ်ပလိုက်ကြောင်း
ဗုဒ္ဓအနွယ်မှ ထုတ်ပယ်ပြီးကြောင်း
ဒါယကာ ဒါယိကာမအဖြစ်မှ စွန့်ပစ်လိုက်ကြောင်း
မြတ်သံဃာအပေါင်းတို့၏
ထပ်လောင်းသစ္စာ အခိုင်အမာပြု သည်
ပံသုဤုကမ္ဘာ သက်သေအရာ၌ တည်စေသောဝ်။
တတိယပတ္တနိက္ကုဇ္ဇန သပိတ်ကံဆောင် အောင်စေသောဝ်။
မြတ်ဗုဒ္ဓ၏ ဓမ္မအောင်လံ မိုးထက်ယံသို့ လျှံစေသောဝ်
ဦးလင်း ၁၀။၀၉။၀၉


ရည်ညွှန်း။ ။ အမနုဿဘေး ကို ပရိတ္တပါဠိတော်အရ ဘီလူးဘေးဟုဆို၏။ထိုခေတ်က ဘီလူး
များသည်လူယောင်ဆောင်တတ်ကြ၏။လူယောင်ဆောင်ထားသဖြင့် ဘီလူးကို လူထင်ပြီးပေါင်း
မိကြ၍ ပျက်စီးကြရသောဖြစ်ရပ်များကို ဇာတကများ၌ တွေ့ရ၏။
ယခုခေတ်တွင်မူ လူယောင်ဆောင်ထားသောဘီလူးအစစ်များမရှိ။သို့ရာတွင် လူဖြစ်လျှက်
လူလိုမကျင့်ဘဲ ပညာရှိယောင်ဆောင်နေသော ဘီလူးအတုများသည်လည်းကောင်း။ကရုဏာ
ရှင်ယောင်ဆောင်နေသောဘီလူးအတုများသည်လည်းကောင်း။သူတော်ကောင်းယောင်ဆောင်နေသော
ဘီလူးအတုများသည်လည်းကောင်း။အခြားသောအယောင်ဆောင် ဘီလူးအတုများသည်
လည်းကောင်း များစွာရှိကြပါ၏။
များစွာရှိသော်လည်း အယောင်ဆောင်ကောင်းလှသဖြင့် ဘီလူးအတုမှန်းသိရန်ခက်၏။
အမှန်အားဖြင့် ဘီလူးအတုများ၏ဘေးရန်ကြောင့် ဤလောကသည် မငြိမ်းချမ်းဘဲရှိနေခြင့်း
ဖြစ်၏။ဆူပွက်နေခြင်းဖြစ်၏။ထို့ကြောင့် ထိုဘေးကို ယနေ့အတွေ့အကြုံအရ အမနုဿဘေး
ဟု ဆိုနိုင်၏။
ဦးရွှေအောင်၏ ဗုဒ္ဓ ၊ လောကသားတို့၏အနှိုင်းမဲ့ ကျေးဇူးရှင် စာမျက်နှာ ၅၄။အပိုဒ် ၃ ။၎။
တွင် ရှုပါ။

No comments: