Showing posts with label ကဗျာကဏ္ဍ. Show all posts
Showing posts with label ကဗျာကဏ္ဍ. Show all posts

Monday, September 14, 2009

အမနုဿ ဘေ;


အို သူတော်စင်
အရှင်သူမြတ်အပေါင်းတို့၏ မေတ္တာရေစဉ်သည်
အရှင်တို့၏ ဦးခေါင်းတော်မှသွေးတို့ဖြင့် နီစွေးစေခဲ့ပါပြီ။
အို သူတော်စင်
အရှင်သူမြတ်တို့၏ မေတ္တာရေစဉ်သည်
အမနုဿတို့၏ စစ်ဖိနပ်အောက်မှာ ပျောက်ပျက်သွားခဲ့ရပါပြီ။
အို သူတော်စင်
မြတ်သခင်ဗုဒ္ဓ၏နှလုံးသားတို့ သည်
ကြိုးနဲ့တုတ် ဒုတ်နဲ့ရိုက် ထောင်ထဲသွင်း ညှင်းဆဲ သတ်ဖြတ်
အလောင်းတွေကိုချောင်းထဲမျှော





ကျောင်းတွေပေါ်တက် လုယက်ဖျက်ဆီး

Wednesday, September 9, 2009

စွမ်းအားမြှင့်ခြင်း


မိတ်ဆွေ
မြတ်သောယုံကြည်ချက်အတွက်
သင့်အသက်ကိုမပေးခြင်နေပါ
လက်နက်မကိုင်ချင်လဲရပါတယ်။
ဒါပေမဲ့
မြတ်သောယုံကြည်ချက်အတွက်
အရက်ခွက်ကိုင်တဲ့သင့်ရဲ့လက်ကို
သင်တော်လှန်ဖို့်အချိန်တန်ပြီ။




ရဲဘော်အခြင်းခြင်းဂရုဏာကင်းသည့်
အတင်းအဖျင်းတွေကိုလဲရှောင်သင့်ပြီ။း
အသက်သွေးချွေး စတေးထားတဲ့
တော်လှန်ရေးဘဏ်တိုက် အတ္တမလိုက်နဲ့
ငိုရှိက်သူတွေ များလှပြီ။
အချင်းချင်းအာခံ မာနသံတွေကိုဖယ်ရှား
အပြန်အလှန်လေးစားခြင်းဖြင့်
တော်လှန်ရေးကိုစသင့်ပြီ။

မင်းတိက္ခ ၂၉။၈။၀၉

Sunday, September 21, 2008




အာဏာရူးမူး ဘီလူးကြီးသန်းရွှေ
မြတ်ဗုဒ္ဓရဲ့သွေး နီးစွေးစွေးကို
မရှက်မကြောက် ဒင်းသောက်ဝံ့တယ်။


ဗိုလ်ချုပ်ကြီးတွေရဲ့လက်စွမ်း
အံ့မခန်းစရာပါဘဲ
ဟိုတုန်းက ရွှေမြန်မာ
ခုခါဝယ် ကျွန်တွေဖြစ်
ရင်နင့်စရာ။



သူ့အမည် မောင်ငြိမ်းချမ်းဆိုပေမဲ့
သူ့အသွင်က ညှိုးနွမ်းလှတယ်
သူ့အချစ်ကို လွမ်းနေတာမျိုးတော့မဟုတ်
သူဖြတ်သန်းခဲ့တဲ့ ရွှေဝါရောင်လမ်း

သံဃာ့ဇာနည်၊ ရှင်ဂမ္ဘီရ
မြန်ပြည်ဂုဏ်ရည်၊ ကမ္ဘာတည်ထိ
ရောင်ခြည်လွှမ်းအောင်၊ သူစွမ်းဆောင်သည်
ချုပ်နှောင်မရ၊ သူ့အလှ။