Thursday, September 23, 2010

ကျွန်တော်“ယုံကြည်တာကတော့

  • ကျွန်တော်ယုံကြည်တာက
  • တိုင်းပြည်အင်အားရှိမှ ခေတ်မှီတဲ့ တပ်မတော်ကြီး တည်ဆောက်နိုင်မယ်
  • လို့ ယုံကြည်ပါတယ်။ နအဖ စစ်ဗိုလ်ချုပ်တွေ ပြောပြောနေတဲ့
  • တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ် ဆိုတဲ့အချက်ကို လုံးဝ
  • မယုံကြည်ပါဘူး။ ဘာ့ကြောင့်လဲလို့ဆိုရင် တိုင်းပြည်ရဲ့သယံဇာတတွေကို
  • စိတ်ထင်တိုင်းရောင်းချပြီး တပ်မတော်ကြီးကို အင်အားဖြည့်ပေးနေခဲ့တာ
  • စ်ပေါင်း၂၀ ကြာခဲ့ပါပြီ။ လက်တွေ့ရလာဒ်ကတော့ မြန်မာနိုင်ငံကြိးဟာ

  • ကမ္ဘာပေါ်ကအဆင်းရဲဆုံး ၁၀နိုင်ငံစာရင်းမှာ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့လက်
  • စွမ်းဖြင့် တပတ်ဂျွမ်းပစ်ခါ ၀င်ရောက်သွားခဲ့ရပြီမဟုတ်ပါလားခင်ဗျာ။ ဒါ့
  • အပြင်နောက်ဆက်တွဲဘေးထွက်ဆိုးကျိုးတွေ ဘလပွနဲ့ရင်ဆိုင်ကြုံတွေ့
  • နရပါတယ်။ ဒါတွေဟာ ဘာ့ကြောင့်လို့ ဆင်ခြင်သုံးသပ်ကြည့်တဲ့အခါ
  • တရုပ် အတွေးအခေါ်ပညာရှင်ကြီး လောင်ဇီ၏ တအိုတေးချင်းထဲက အ
  • >ိုအမိန့်တွေနဲ့ ကိုက်ညီနေတာကိုတွေ့ရပါတယ်။
  • ဒီတအိုတေးချင်းရဲ့ အဆိုအမိန့်တွေကတော့
  • ၁။ လူတွေကို ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရလို့ တားမြစ်လေလေ လူတွေ
  • ဟာ ပို၍ ဆင်းရဲလေလေ တဲ့
  • ယနေ့ မြန်မာနိုင်ငံမှာ လက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေတွေက သက်
  • သေပြနေပါတယ်။ ဘယ်လိုမှငြင်းမရတဲ့ အချက်ပါ။
  • ၂။ အစွမ်းထက်တဲ့လက်နက်တွေကို လူတွေကပိုင်ဆိုင်လေလေ အမိုက်
  • မှောင်ဖုံးပြီး ရက်စက်ကြမ်းကြုတ်မှူတွေက ပို၍ ထူပြောလေလေ တဲ့
  • ပီးခဲ့တဲ့ ၂၀၀၃ ဒီပဲယင်းလူသတ်ပွဲ နဲ့ ၂၀၀၇ စက်တင်ဘာ ရဟန်းသံဃာ
  • တ်ာများနှင့် ကျောင်းသားပြည်သူတို့အား ရက်ရက်စက်စက် သတ်ဖြတ်
  • မှူကြီးက နဖူးတွေ့ ဒူးတွေ့ပါ။
  • ၃။ ကျင်လည်ပါးနပ်ပြီး ကောက်ကျစ်စဉ်းလဲတဲ့ လူတွေပေါလေလေ အ
  • ဖျက်လုပ်ငန်းတွေကို လူတွေကပိုပြီး ကြံစည်အားထုတ်လေလေပါဘဲ။
  • မှန်တာပြော အရိုက်ခံရတဲ့ မြန်မာနိုင်ငံမှာအူမ မတောင့်လို့သီလမစောင့်
  • င်တော့တဲ့ လူတွေ။ လိမ်နိုင်ရင်ပညာရှိ ညာနိုင်ရင်သမာဓိလို့ ယုံကြည်
  • လုပ်ဆောင်နေကြတဲ့လူတွေ တနေ့ထက်တနေ့ ပိုမိုများပြားလာတာကို
  • ကြည့်ရင် မြင်ရမှာပါ။
  • ၄။ အမိန့်တွေ ဥပဒေတွေ များလေလေ လူဆိုးသူခိုးတွေ ပေါလေလေ ။
  • ကိုယ့်ရဲ့မိတ်ဆွေတွေကိုတော့ လိုချင်တာ အကုန်ဖြစ်စေ ကိုယ်နဲ့မတည့်
  • တဲ့လူတွေကိုကြတော့ အမိန့်တွေ ဥပဒေတွေ ပေး ဆိုတဲ့ ၁၉၃၀ ခုကျော်
  • ကာလမှ ဘရားဇီးနိုင်ငံသမတ ဂတ်ကျူလီယို ဗားဂက်စ် ရဲ့ နိယာမ ကို
  • ပုံတူကူးချပြီးတောု့နအဖ စစ်ဗိုလ်ချုပ်တွေက သူတို့ကို ထောက်ခံပေး
  • နသူတစုနဲ့အတူ နိုင်ငံတော်၏သယံဇာတ တွေကို စိတ်ကြိုက် ထုတ်
  • ယူသုံးစွဲနေကြပြိး သူတို့နဲ့ မတည့်တဲ့ လူတွေကိုတော့ ဥပဒေတွေ အမိန့်
  • တွ အမိုးမျိုးထုတ် ဖမ်းဆီးချုပ်နှောင်နေတာ ကမ္ဘာကတောင် သိတယ်။
  • အဖြေကတော့ စိတ်မကောင်းစရာပါ။ တပ်မတော်အင်အားရှိလာတာနဲ့
  • အမျှ တိုင်းပြည်က ဂျောက်ထဲရောက်သွားတာကို တွေ့ရမှာပါ။ တရားခံ
  • အစစ်တွေကတော့ အစွမ်ထက်တဲ့ လက်နက်တွေကို ပိုင်ဆိုင်ထားကြတဲ့
  • နအဖ စစ်ဗိုလ်ချုပ်ကြီးတွေဖြစ်တယ်ဆိုတာ ပြည်သူတွေက သိပါတယ်။
  • စတနာအမှန်နဲ့ ခေတ်မှီတဲ့ မြန်မာနိုင်ငံတော်ကြီးဖြစ်ချင်တယ်ဆိုရင်
  • င်ငံသူနိုင်ငံသားတွေ၏မွေးရာပါ မူလအခွင့်အရေးတွေဖြစ်သည့် ဖန်တီး
  • င်သောစွမ်းအားတွေကို လွတ်လွတ်လပ်လပ် ဖန်တီးခွင့်တွေပေးရမှာ
  • ဖစ်တယ်။ လွတ်လပ်စွာဖန်တီးမှူတွေရလာတာနဲ့အညီ တိုင်းပြည်ကြီးတိုး
  • တက်ဖွံ့ဖြိုးလာမယ်။တိုင်းပြည်ဖွံ့ဖြိုးလာတာနဲ့အညီ သန်း ၅၀ ကျော်သော
  • ပည်သူတွေ ချမ်းသာကြွယ်ဝလာကြမယ်။ ပြည်သူ သန်း၅၀ကျော် ချမ်း
  • သာကြွယ်ဝ လာမှတော့ ၅သိန်းလောက်သာရှိတဲ့ တပ်မတော်ကြီးခေတ်
  • မှီဘို့ဆိုတာ စာတတန် ပေတတန် ဖွှဲ့နေစရာတောင် မလိုဘူးဆိုတာ ရှင်း
  • နပါတယ်။ ၁၀၀ နဲ့ တယောက် ဘဲ ရှိတာမဟုတ်ပါလား။ ရေမြင့်လျှင်
  • ကြာမြင့်တယ်ဆိုတာ လူတိုင်းအသိဘဲလေ။
  • ဒါ့ကြောင့် တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်ဆိုတဲ့
  • လွဲမှားနေသည့်အယူတွေကို အမြန်ဆုံး ပယ်ဖျက်ပြီး တိုင်းပြည်အင်အား
  • ရှိမှ ခေတ်မှီသောနိုင်ငံတကာအဆင့်မှီ တပ်မတော်ကြီးဖြစ်မယ် ဆိုသည့်
  • ကျွန်တော်ယုံကြည်ချက်ကို ထောက်ခံကြစေလိုပါကြောင်းတင်ပြအစီရင် ခံလိုက်ရပါတယ်ခင်ဗျား။
  • ဦးလင်း ၁၃။၉။၀၈။


No comments: