Tuesday, August 4, 2009

တော်လှန်ရေးလက်တို့ဖြင့်သက်သေတည်စေအံ့

ဘုရားတပြည့်တော်တို့သည် အမိမြန်မာပြည်သူပြည်သားအားလုံး၏ ငြိမ်းချမ်းသာယာစွာ နေထိုင်ရေးနှင့်ကြီးပွားချမ်းသာ တိုးတက်ရေးတို့အားရည်သန်၍ ဆန္ဒ မွန်ဖြင့် စွန့်လွှတ်အနစ်နာခံနေကြသူများသာဖြစ်ပါသည်။အမိ နိုင်ငံတော်အား ပြိုကွဲပျက်စီးအောင>်>်အကြမ်းဖက်၍ က်ယှက်ဖျက်ဆီးနေသူများ မဟုတ်ကြသည် မှာ အမှန်ပင်ဖြစ်ပါ၏ ။ ထိုသစ္စာတရားအား ထင်ရှားစေခြင်းငှာ

အကျွန်ုပ်တို့၏ တော်လှန်ရေးလက်တို့ဖြင့်ထုဆစ် အပ်သောဤသက်သေတည် နဂါးရုံ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ရေစက်သွန်းချ၍ လှူဒါန်းပူဇော်ပါ၏ အရှင်ဘုရား ။ ဤကား မဟာပထ၀ီမြေထုကြီးအား သက်သေအမှူးထား၍ အထက်ဘ၀ဂ်သို့တိုင်အောင် လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းတို့အား သိကြားစေမည့် နို့ဖိုးစခန်းမှ ဒါယိကာ ဒါယိကာမအပေါင်းတို့ ၏ စုပေါင်းကောင်းမှု့ မဟာဒါန အလှူတော်ပင်ဖြစ်ပေသတည်း။ ဤသက်သေတည်အမည်ရ နဂါးရုံ ဗုဒ္ဓရုပ်ပွားတော်မြတ်သည်ကြာပလ္လင်အောက်ခြေမှ နဂါး ဦးခေါင်းတော်မြတ်အထိ အမြင့်(၆ပေ၊၄လက်မ) ရှိပြီး ဗုဒ္ဓရုပ်ပွားတော်၏ ဥာဏ်တော်ကား(၃ပေ ၊ ၆ လက်မ)ရှိပါသည်။ အသားတော်မှာ သရက်သားဖြစ်ပါသည်။ ပန်းပုအနုပညာရှင် ကိုနေဇာ ကဦးစီး၍ ရပ်ကွက် သူ၊ရပ်ကွက်သားအားလုံးမှ တစ်ယောက်တစ်လက် ဆောက်တစ်ချက်စီဖြင့် ထုဆစ်ထားခြင်းဖြစ်ပါ သည်။ ထို့အပြင် ရပ်ကွက်သူ ရပ်ကွက်သားများကိုယ်တိုင် သစ်ဝါးခုတ်၍ ဆောက်လုပ်လှူဒါန်း ထားသော ဓမ္မမဏ္ဍိုင် ဂန္ဓကုဋီ တိုက်တော်၌ အများပြည်သူတို့၏ ပူဇော်အထူးကိုခံယူနိုင်ရန် ၀ါတွင်း သုံးလ ကာလပတ်လုံး သီတင်းသုံးစံပယ်တော်မူမည်ဖြစ်ပါကြောင်း သပူရိသ အနွယ်ဝင်သူတော်စင်ျှအပေါင်းတို့အား သီတင်းကောင်းပါးလိုက်ပါသည်။ ၁၃၇၁ ခုနှစ်၊ ၀ါဆိုလဆန်း (၁၀)ရက် ဗုဒ္ဓဟူးနေ့ (၁-ရ-၂၀၀၉)ရက်နေ့တွင် ဤရုပ်ပွား တော်မြတ်အား အနေကဇာတင်ပွဲ ဆင်နွဲကျင်းပမည် ဖြစ်ပါ၍ စခန်းအတွင်းရှိ သဒ္ဓါကြည်လင် ပါရမီ ရှင်များအနေဖြင့် မည်သူမဆို လာရောက်ပူဇော် လှူဒါန်းနိုင်ပါသည်။ ထို့အတူ မိတ်ဆွေများအနေဖြင့်လည်း အဓမ္မကိုအောင်နိုင်ရေးအတွက် ဓမ္မအင်အားတွေ တောင့်တင်းခိုင်မာရေး အရေးပေး၍ လုံ့လ ပြုနိုင်ကြပါစေကုန်သတည်း။ လူ နတ် ဗြဟ္မာအပေါင်းတို့ ၏ သာဓု အနုမောဒနာ ခေါ်ဆိုနိုင်သည့် မည်သည့် ဘုံ လုပ်ငန်းစဉ်မျိုးမှာ မဆိုအံ့မခန်းသည့် စွမ်းအင် တွေရှိနေသည် ဆိုသည်ကိုသတိချပ်သင့်ကြပါကုန်အံ့ ။ ဘယ်သူကြိုက်ကြိုက်၊ မကြိုက်ကြိုက် ဘုရားကြိုက်အောင်နေတတ် ထိုင်တတ်ဖို့က အရေး ကြီးပါသည် ဆိုသည့်ကျွန်တော်တို့ အမိမြန်မာပြည်တွင် ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက်(နအဖ) ကြိုက်အောင်နေတတ်ထိုင်တတ်ဖို့က ပို၍အရေးကြီးသည်ဟု ယုံကြည်နေကြသူတွေက အင်အား ကောင်းလျက်ရှိနေသည်မှာ ရင်မအေးစရာပင် ဖြစ်ပါ၏ ။ ထိုကဲ့သို့ လွဲမှားသော ယုံကြည်မှု့တွေကို ခြေဖျက်နိုင်ဖို့ဆိုလျှင် ဗုဒ္ဓဘာသာဝင်တွေသာမ က ခရစ်ယာန်ဘာသာဝင်၊ အစ္စလာမ်ဘာသာဝင်၊ ဟိန္ဒူဘာသာဝင်အပေါင်းတို့က စုပေါင်း၍ မိမိတို့ ၏ ကာလဒေသနှင့် လိုက်လျောညီထွေဖြစ်သော အဓမ္မကိုအောင်နိုင်မည့် ဓမ္မလမ်းစဉ်အသွယ်သွယ် ကို ညီညာဖြဖြ ဖောက်လုပ်ကြဖို့ အရေးတကြီးလိုအပ်နေသော အချိန်ဖြစ်ပါ၏ ။ Truth Tellingအမှန်တရားကိုဖော်ထုတ်ပြောဆိုခြင်းမှ Truth Seeking အမှန်တရားကိုဖော် ထုတ်ခြင်းသို့ ဦးတည်သည့် လုပ်ငန်းစဉ်များကို အသွင်အမျိုးမျိုးဖြင့် ချီတက်နိုင်ကြပါကုန်၏ ။ ထို့အ တူ မိမိတို့ကိုယ်တိုင်ကလည်း မိမိတို့သဏ္ဍာန်တွင် ဖုန်းကွယ်နေသော အဓမ္မတရားတွေကို ပြန်လည် ကုစားနိုင်ကြပါစေကုန်သတည်း ။ မတ်ဗုဒ္ဓ၏ ဓမ္မအောင်လံ မိုးထက်လျှံမှ အဓမ္မကို အောင်နိုင်မယ် မိစ္ဆာဘေးက ဝေးကြမယ် ။ ။

No comments: