Wednesday, September 9, 2009

စွမ်းအားမြှင့်ခြင်း


မိတ်ဆွေ
မြတ်သောယုံကြည်ချက်အတွက်
သင့်အသက်ကိုမပေးခြင်နေပါ
လက်နက်မကိုင်ချင်လဲရပါတယ်။
ဒါပေမဲ့
မြတ်သောယုံကြည်ချက်အတွက်
အရက်ခွက်ကိုင်တဲ့သင့်ရဲ့လက်ကို
သင်တော်လှန်ဖို့်အချိန်တန်ပြီ။




ရဲဘော်အခြင်းခြင်းဂရုဏာကင်းသည့်
အတင်းအဖျင်းတွေကိုလဲရှောင်သင့်ပြီ။း
အသက်သွေးချွေး စတေးထားတဲ့
တော်လှန်ရေးဘဏ်တိုက် အတ္တမလိုက်နဲ့
ငိုရှိက်သူတွေ များလှပြီ။
အချင်းချင်းအာခံ မာနသံတွေကိုဖယ်ရှား
အပြန်အလှန်လေးစားခြင်းဖြင့်
တော်လှန်ရေးကိုစသင့်ပြီ။

မင်းတိက္ခ ၂၉။၈။၀၉

No comments: